မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ အခမဲ့ငှားရမ်း‌ပေး

မိုင်းခတ်ဇွန်  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်‌ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ သုတ၊ ရသစာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ Mobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေ‌ပြည်သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)