မြို့သစ်မြို့နယ်၌ နွေစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ

မြို့သစ် ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း၌ ဒေသဝမ်းစာဖူလုံရေးနှင့် အထွက်တိုးစပါးများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ နွေစပါးစိုက်ဧရိယာများ၏အထွက်နှုန်းကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်၍ ယင်းနားကုန်းကျေးရွာရှိ ကွင်းအမှတ်(၂၆၀၈-ခ)ရှိအ ကျိုးဆောင်တောင်သူ ဦးမောင်လှ၏ ဆာဖိုးသာစပါးမျိုး စိုက်ပျိုးသည့် လယ်မြေတွင် ယမန်နေ့က နွေစပါးစံကွက်ရိတ်သိမ်းခဲ့သည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ကာတက်ရောက်လာသည့် စပါးစိုက်တောင်သူများအား "စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လိုကြောင်း၊ တောင်သူလယ်သမားများ၏ လူမှုဘဝမြင့်မားတိုးတက်ရေး၊ ထွက်ကုန်သီးနှံများ အထွက်နှုန်းမြင့်မားရေး၊ ဈေး ကွက်ဝင်သီးနှံများနှင့် အဓိကသီးနှံများ ဈေးကောင်းရရှိရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စံကွက်ရိတ်သိမ်းရာတွင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် တောင်သူများက ဦးပိုင်အမှတ်(၉၇)တောင်သူဦးမောင်လှ၏ လယ်မြေ (၄)ဧက စိုက်ခင်းတွင်ဆာဖိုးသာ စပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကစပါးအစို(၁၇၃ ဒဿမ ၁၂)တင်း ထွက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)