သာပေါင်း ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်လ ၂၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
မိုးသက်လေပြင်းတိုက်ခတ်၍ ကျားရဲကျေးရွာအုပ်စု၊ ဂတက်ရိုးကျေးရွာတွင် နေထိုင်သူ ဦးစံသိန်းနှင့် အတူနေ အသက်(၁၈)အထက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး၊ အသက် (၁၈)အောက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး ပေါင်း(၈)ဦးတို့ နေထိုင်ရာ (ဓနိမိုး၊ ဓနိကာ၊ ကြမ်းခင်း)၊ (၁၈’×၁၅’×၁၈’) နေအိမ် အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု (၁)ရှိ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၆၈၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀)ကျပ်၊ ပေါင်းရန်ပုံငွေ (၃၆၈၀၀)တို့အား မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးက လေဘေးသင့် မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)