ကျောက်တန်းမြို့နယ်၊ ထန်းခြောက်ပင်ကျေးရွာ၌ အလယ်တန်းကျောင်း(ခွဲ) တစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်

ကျောက်တန်း ဇွန်  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဍ) အတိုးရငွေဖြင့် ပြန်လည်ပြုပြင်ဆောက်လုပ်ပြီးစီးသည့် အခြေခံပညာ အလယ်တန်းကျောင်(ခွဲ) တစ်ထပ်ကျောင်းဆောင်သစ်လွှဲ ပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

ယင်းသို့ လွဲပြောင်းပေးရာတွင် ကျောက်တန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခင်၀င်းနှင့် ၀န်ထမ်းများ၊ ထန်းခြောက်ပင်ကျေးရွာ မြစိမ်းရောင် (ငါးကဏ္ဏ) ကော်မတီအဖွဲ့ တာ၀န်ရှိသူများက ပြုပြင်ဆောက်လုပ်ပြီးစီးခဲ့သည့် ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်အေးနှင့် ကျောင်းကော်မတီ၀င်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယခုလွှဲပြောင်းပေးသည့် ကျောင်းဆောင်သစ်မှာ အကျယ်အားဖြင့် အလျား ပေ ၆၀၊ အနံ ပေ ၃၀ရှိ သွပ်မိုး၊ အုတ်ကာ RC တစ်ထပ် အဆောက်အဦဖြစ်ပြီး၊ မြစိမ်းရောင်(ငါးက္ဍ) အတိုးရငွေ ကျပ်သိန်း နှစ်ရာဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းမှ စ၍ ပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

နေလင်းကျော် (ပြန်/ဆက်)