ပလောက်မြို့ရှိ ကော်ဖီစိုက်ခြံများတွင် ကော်ဖီပင်များ စိုက်ပျိုးအောင်မြင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုအားပေး

ပလောက် ဇွန်   ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ ကော်ဖီစိုက်ခြံများတွင်ကော်ဖီပင်များ စိုက်ပျိုးအောင်မြင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခြင်းကို ယနေ့နံနက်ပိုင်းက ခြံပိုင်ရှင် ဦးသူဝင်းစိန်၊ ဦးစိုးလင်း၊ စောအားကျော် ဦး၊စောအယ်ညော၊ စောသောင်းစိန်ခြံ၌ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 အဆိုပါကော်ဖီစိုက်ခြံသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးကြီး ဒေါ်သန်းသန်းဦး၊စို က်ပျိုးရေးဦးစီးဌာနမှမြို့ဦးစီးမှူး ဦးသော်ဇင်ထွန်း၊ မြို့မြေစာရင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသက်လွင်နှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကော်ဖီပင်များ စိုက်ပျိုးအောင်မြင်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှုအားပေး၍ ဈေးကွက် ချိတ်ဆက်မှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)