ရန်ကုန် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ကွပ်ကဲမှုအောက်ရှိ ကမာရွတ်မြို့နယ်အခွန် ဦးစီးဌာနမှူးက စားသောက်ဆိုင်၊ ရွှေဆိုင်နှင့် လက်ဝတ်ရတနာဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း/ အင်း၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်၊ ကိုယ်ပိုင်ကျောင်း၊ အထူးကု ဆေးခန်းနှင့်အခြား စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအား ယမန်နေ့ နံနက်ပိုင်းတွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို အမှတ်(၂) အခြေခံမှုလတန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားပြီး ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူးက အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ပြေစာအခွန်အမှတ် တံဆိပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် စပ်လျဉ်း၍ လိုက်နာရမည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များ၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ အခွန်ပညာပေးရှင်းလင်းပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင် ( ၁၅၉) ဦး တက်ရောက်ကြပြီး တက်ရောက်လာသူများအား အခွန်ပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)