လှိုင်းဘွဲ ဇွန် ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံ-နဘူးမော်တော်ကားလမ်း ၊ လမ်းဘေးဝဲယာ (၆ ဒဿမ ၅) ကီလိူမီတာ မှ (၇ ဒဿမ ၅) ကီလိုမီတာ၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)အဖြင့် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးအဖွဲ့ အမှတ်(၂)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကြာအင်း၊ အမှတ်(၁၀၁၅) နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးဝင်းနိုင်စိန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ (ဒုတိယအကြိမ်)တွင် မန်ဂျန်ရှား (၄၄၀)ပင်၊ မဟော်ဂနီ(၄၄၀)ပင်၊ စုစုပေါင်း (၈၈၀) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စောဒိ (ပြန်/ဆက်)