ကျောင်းကုန်း ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု တောင်သူ ဦးဝင်းစိန်၏ ကွင်းအမှတ် ၃၈၅ -A၊ ဦးပိုင်အမှတ် ၅၆/၂၊ ဧရိယာ(၅)ဧကရှိ လယ်မြေပေါ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) ထည့်သွင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းကို လယ်ထွန်စက် (၃) စီးဖြင့် နင်း မြုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝမ်း ၊ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး၊ လယ်ထွန်စက်များဖြင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) ထည့်သွင်းနင်းမြုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးနှင့်အဖွဲ့မှ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)