ပေါင်းတည် ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မိုးစပါးထုတ်လုပ်မှု ပြည့်မီကျော်လွန် အထွက်ကောင်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးနာက် ရေတော်မိုးတော်ဖြင့် မြို့နယ်အတွင်း မိုးရာသီစပါး စိုက်ဧကအတွက် ၇၃၅၁၄ ဧကကို စိုက်ပျိုးထုတ်လုပ်ရန်လျာထားသတ်မှတ်ထားခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
အဆိုပါသတ်မှတ်လျာထားစိုက်ခင်းများ၌ ဇွန်လ ၃၀ ရက်အထိ Drum Seeder ဖြင့် အစေ့ချစိုက်ဧက ၆၄၉၅ ဧက စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျန်ရှိစိုက်ဧကများကို ပြည့်မီ ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့များက ကျေးရွာများအရောက် ကွင်းဆင်း၍ စိုက်နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့် အထွက်တိုးအောင် စိုက်ပျိုးနိုင်ရေးတို့ကို တောင်သူများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက် )