ညောင်ဦး ဇွန် ၃၀
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပလတ်စတစ်ကောက်ယူရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှဦး ဆောင်ကာ ပလတ်စတစ်အမှိုက်များသီးသန့်ကောက်ယူခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့ ပုဂံမြို့ဟောင်းရှိ မျက်တော်ပြေဘုရားမှ ကျောက်မျက်မှော်ဘုရားနှင့် ဟိုတယ်နှင့် ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ကျောက်မျက်မှော်ဘုရားအထိ လမ်းဘေးဝဲယာမှ ပလတ်စတစ်အမှိုက်များအားကောက်ယူစွန့်ပစ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်စေရေး Bagan Plastic Campaign အဖွဲ့မှဦးဆောင်ပြီး ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲမှဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ Balloons ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်အသင်းမှအသင်း သား/သူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အသင်းသား/သူများ၊ဟိုတယ် လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)မှ ဝန်ထမ်းများသည် ညောင်ဦးမြို့ ပုဂံမြို့ဟောင်းရှိ မျက်တော်ပြေဘုရားမှ ကျောက်မျက်မှော်ဘုရား၊ ဟိုတယ်နှင့်ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ကျောက်မျက်မှော်ဘုရားအထိ အဖွဲ့နှစ်ဖွဲ့ခွဲကာ ပလတ်စတစ်အမှိုက်များ ကောက်ယူ၍ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကျင်းသို့ စနစ်တကျစွန့်ပစ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း