သာစည် ဇွန် ၃၀
(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ညောင်ရမ်းကျေးရွာမြို့မအုပ်စုရှိ ရွှေညာမြေလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းက စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး၊ သာစည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးညီညီဝင်းနှင့် ညောင်ရမ်းကျေးရွာ မြို့မအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမြင့်တို့က သွင်းအားစု အရောင်းဆိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး အခမ်းအနားကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူးက အမှာစကားပြောကြားပြီး ဦးစီးအရာရှိက အသင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်ဖွင့်ပွဲသို့ တိုင်းဒေသကြီးနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အသင်းအမှုဆောင်များနှင့်အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်