သရက် ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူကုန်းကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မြင်မြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာမှာ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးရေးဆိုင်ရာနည်းဗျူဟာ(၄)ရပ်၊ လူကုန်ကူးခံရနိုင်သူများနှင့်ဖြစ်ပွားနိုင်သည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကန်ကူးခံရခြင်း၏ အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ ပြောကြားပေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူးဒေါ်စိမ်းလဲ့ရည်က မိမိတို့ဦးစီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဉပဒေ၊ လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုခံရပါက ဆက်သွယ်ရမည့်အရေးပေါ်ဖုန်းနံပါတ်များကို ပြောကြားပေးခဲ့သည်။
ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးကီးအောင်ထန်းက ကျေးဇူးတင်စကားပြောကြးပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက ကြည့်ရှုခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)