ဒေးဒရဲမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ပြည်သူများအား ဆန်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များအား စျေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆန်ဆိုင်များတွင် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က သတ်မှတ်ထားသည့်စျေးနှုန်းဖြင့် ဆန်ရောင်းချနေမှုအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများပူးပေါင်း၍ ဆန်အရောင်းဆိုင်များတွင် ပေါ်ဆန်းဆန်(၁)ပြည်လျှင်(၅၀၀၀)ကျပ်နှုန်း ဧည့်မထဆန်(၁)ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ပြည်သူများအားရောင်းချပေးလျက်ရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိစေရန်အတွက် ရောင်းချပေးလျက်ရှိသည့်စျေးနှုန်းများ ထင်သာမြင်သာရှိစေရေး ချိတ်ဆွဲရောင်းချပေးနိုင်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အေဇာလင်း