ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှတောင်သူများ တစ်နှစ်လျှင်ပြောင်းဖူး လေးကြိမ်ထိစိုက်ပျိုးရောင်းချနေ

ညောင်ဦး ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာအုပ်စုမှကျေးရွာများ တစ်နှစ်ပတ်လုံးပြောင်းဖူးစိုက်ပျိုးရောင်းချကြကြောင်း ပြောင်းဖူးစိုက်တောင်သူဦးဌေးဝင်းထံက သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုရှိ ကျေးရွာများသည် တစ်နှစ်ပတ်လုံး‌ မြေအောက်ရေအသုံးပြုကာ ပြောင်းဖူးပြီး ပြောင်းဖူးစိုက်ပျိုးကြပြီး တစ်နှစ်လေးကြိမ်ထိ စိုက်ပျိုးရောင်းချနေသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့တွေ ပြောင်းဖူးစိုက်ပျိုးရတာ ဈေးကွက်အခြေအနေထက် ပြောင်းဖူးတစ်သီးစိုက်ပျိုးလျှင် အချိန်နှစ်လခန့်ဖြင့်ပေါ်သောကြောင့် ရောင်းချချိန်မြန်ပြီး ငွေလည်းအမြန်ပေါ်ကြောင်း၊ ထွက်ရှိလာသည့် ပြောင်းဖူးများကို ညောင်ဦး-မြင်းခြံကားလမ်မကြီး ဘေးတစ်ဘက်တစ်ချက်တွင် ယာယီတဲများထိုးကာရောင်းချကြကြောင်း၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများမှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူကြကာ ခြောက်ဘီးမော်တော်ယာဉ်ဖြင့် သယ်ယူကြကြောင်း ပြောင်းဖူးတစ်စ်ခါဝယ်ယူလျှင် ပြောင်းဖူးနှစ်သောင်းမှ သုံးသောင်းထိဝယ်ယူကြကြောင်းသိရသည်။ ပြောင်းဖူးဆယ်ဖူးဈေး နှစ်ထောင်ကျပ်မှ နှစ်ထောင့်လေးရာကျပ်ထိ ရောင်းချနေရကာ ပြောင်းဖူးစိုက်ပျိုးသည့်တောင်သူများ ရှုံးတာတစ်ခါမှမကြုံဘူးသေးကြောင်း၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်းကြောင့် ပြောင်းဖူးအရည်အသွေးအကောင်းဆုံးဖြစ်နေကာ ဈေးနှုန်းမှာလည်းအကောင်းဆုံးရောင်းချရသည့် ကုန်ပစ္စည်းဖြစ်နေကြောင်း ပြောင်းဖူးစိုက်ပျိုးတောင်သူများက ရှင်းပြသည်။

စိုက်ပျိုးသည့်ပြောင်းဖူးများကတော့ အစီးပြောင်း၊ သကြားပြောင်းနှင့် ကြက်တစ်မော့ပြောင်းတို့စိုက်ပျိုးကြပြီး မိုးရာသီစိုက်ပျိုးသည့်ပြောင်းသာ သုံးလခန့်မှပေါ်ကြပြီး ဆောင်းရာသီနှင့်နွေရာသီအချိန်နှစ်လခန့်ဖြင့်ပေါ်ကြောင်း ဦးဝင်းတင့်ကရှင်းပြ၍သိရကာထွက်ရှိလာသည့် ပြောင်းဖူးများအား ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်းမြို့များမှ ပြောင်းဖူးပွဲစားများလာရောက်ဝယ်ယူခြင်း၊ မန္တလေး၊ ရန်ကုန်တို့မှ ပြောင်းဖူးပွဲစားများလာရောက်ဝယ်ယူကြကြောင်း သိရသည်။

ဒီပါလင်း