ဘိုကလေးမြို့နယ်တွင် မိုးစပါးရာသီကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲ ကျင်းပ

ဘိုကလေး ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲအခမ်းအနားအား ယနေ့နံနက်(၅)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာရှိဦးတင်စိုး၏ လယ်ယာမြေတွင် ကျင်းပဆောင်ရွက်သည်။

အဆိုပါအခမ်းအနားသို့ ဖျာပုံခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်လင်း၊ ဘိုကလေးမြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မာရေးကော်မတီ၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့်ကော်မတီဝင်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးဝင်းစိုးဦးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး ယခင်သမာရိုးကျကြဲခင်းစနစ်ဖြင့် မျိုးစေ့ချမှုအစား တောင်သူများ Drum Seeder အသုံးပြု၍ လယ်ယာမြေ(၃)ဧက၌ ပေါ်ဆန်းမျိုးစေ့ချမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် မိမိတို့ဒေသစိုက်ပျိုးထုတ်လုပ်မှုနှင့် တိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများအား တာဝန်ရှိသူများက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)