(၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ မုံရွာမြို့တွင်ကျင်းပ

(၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပသည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်ပြီး ယမန်နေ့ နေ့လယ်ပိုင်းက မူလတန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်လယ်မြေများတွင် စပါးအထွက်နှုန်းတိုးတက်စေရေး (Drum Seeder) မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးလျက်ရှိ

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် တစ်ဧကစပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ လယ်ယာလုပ်သားရှားပါးမှုနှင့် ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများ ကျော်လွှား၍ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်သော မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရေးအတွက် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် ကျေးရွာအုပ်စုများသို့ မျိုးစေ့ချကရိယာ (Drum Seeder) များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့မှူးမြို့နယ်၌ စုပေါင်းသစ်ပင် စိုက်ပျိုး

၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်ထမ္မနိုင်ကျေးရွာအနီးရှိ ထမ္မနိုင်-ကိုးထောင်-မျက်ဆံနီလမ်း (၀/၀မိုင်မှ၁/၂.၇၃မိုင်) အတွင်း၌စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ချောက်မြို့၌ မြစ်ရေ​ကြီးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ဧရာတီမြစ်ရေဝင် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျောက်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာ ကျေးလက်စာကြည့်တိုက် တိုးချဲ့ပြင်ဆင်နိုင်ရေး ကြည့်ရှုစစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်လက်ယက်စမ်းကျေးရွာတွင် ဖွင့်လှစ်ထားရှိသော လင်းရောင်ခြည်ကျေးလက်စာကြည့်တိုက် တိုးချဲ့ပြင်ဆင်နိုင်ရေးအတွက် ယနေ့နံနက်တွင် သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ငပုတောမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြန်မာအမျိုးသမီးများ‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံးဝန်းအတွင်း ကျင်းပခဲ့သည်။

ပေါင်းတည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးရေးအတွက် တောင်သူများအား စိုက်ပျိုးရေးစရိတ်များ ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးရေးအတွက် တောင်သူများအား စိုက်ပျိုးရေးစရိတ်များ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to