ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်ရှိ ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။

ညောင်တုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စုတွင် ယမန်‌နေ့ည ၇ နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌  Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမှုလက်တွေ့ကွင်းသရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် သစ်တိုဆိပ်ကျေးရွာ ကွင်းအမှတ် (၁၁၈၁/ ၁၆၄၀)၊ ဦးပိုင်အမှတ် (၂၂/၈) ရှိ တောင်သူ ဦးမင်းမင်းသိန်း၏ လယ်မြေတွင် ဇူလိုင်လ ၂ ရက်နေ့က မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲပြုလုပ်ခဲ့သည်။

ရွှေသောင်ယံမြို့တွင် အသက် (၂) လမှ (၁) နှစ်ခွဲအထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက် (၁၀) နာရီအချိန်က အသက်(၂)လမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တောင်ကြီးမြို့၌ ၁၀၂ နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ

နှစ်စဥ်ဇူလိုင်လပထမပတ်စနေ့နေကို အပြည်ပြည်ဆိုင်သမဝါယမနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံက သတ်မှတ်ပေးခဲ့ပြီး ကမ္ဘ့ာ့နိုင်ငံအသီးသီးတွင် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားများ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ပြည်နယ်သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၊ မြတ်ဘုန်းရောင်ခန်းမ၌ (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ကြိုဆိုဂုဏ်ပြုပွဲကျင်းပသည်။

ပန်းတနော်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်တောဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဂုံမင်းကျေးရွာ တောရဘုန်းကြီးကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့သည်။

မြောင်းမြမြို့၌ (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမ‌နေ့ကိုဂုဏ်ပြုသောအားဖြင့် မြမျိုးသန့် မျိုးစေ့ထုတ် သမဝါယမအသင်းအား ပံ့ပိုးချေးငွေထုတ်ပေးခြင်း၊ စုဆောင်းငွေအပေါ် အတိုးနှင့် အသင်းသား ထောက်ပံခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမ‌နေ့ကို ဂုဏ်ပြုသောအားဖြင့် မြမျိုးသန့်မျိုးစေ့ထုတ် သမဝါယမအသင်းအား စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်း၊ စုဆောင်းငွေအပေါ်အတိုးနှင့်အသင်းသား ထောက်ပံခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

လဲချားမြို့နယ် ဝမ်စဲ့ကျေးရွာအုပ်စုအား ပန်းခင်းစီမံချက်ဖြင့် Biometric ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉နာရီမှစ၍ ဆက်သွယ်ရေးခက်ခဲသော ဝမ်​စဲ့ကျေးရွာအုပ်စုအား လဲချားမြို့နယ်ရှိ သီရိဟံသာခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
Subscribe to