အခြေခံပညာအလယ်တန်းကျောင်း(လင်းလဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံစာ​​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်

သဲကုန်း ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊သဲကုန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အ​​ခြေခံပညာအလယ်တန်းကျောင်း(လင်းလဲ) တွင် ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ​အခြေခံပညာအလယ်တန်းကျောင်း(လင်းလဲ)မှ ​​​ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်သဲသဲဝေဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအနေ​ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ကျောင်းသား/​ကျောင်းသူအနေဖြင့် ဗလငါးတန်ကြွယ်ဝစေရန်နှင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ social media ၏ ကောင်းကျိုး၊ဆိုးကျိုးများ၊ အားလပ်ချိန်စာပေဖတ်ရှု လေ့လာရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဥ်ကပင် နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ လူငယ်များသိသင့်သိထိုက်သည့် ဗဟုသုတ အကြောင်းအရာများ၊ ပညာ၏တန်ဖိုးများ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး အကြောင်းအရာများ၊ နေ့ထူးနေ့မြတ်နေ့ရက် များကို အစဉ်သတိရစေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ စသည့်အကြောင်းအရာကို အကျယ်တဝင့်ဟော​​ပြောခဲ့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)