ကဝ ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှအောင်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဌာနခွဲစာရေးကြီး ဦးထွန်းလင်းက သင်တန်းဖွင့်ရခြင်းရည်ရွယ်ချက်နှင့် မြို့နယ်အတွင်းငါးသယံဇာတများတိုးပွားပြီး ရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဝန်ထမ်းများက ဒေသခံငါးမွေးတောင်သူများကို ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)စနစ်နှင့်အညီ ဆောင်ရွက်ရမည့် အခြေခံရေသတ္တဝါမွေးမြူရေးဆိုင်ရာနည်းစနစ်များကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး တက်ရောက်လာသည့် ဒေသခံငါးမွေးတောင်သူ(၂၀)ဦး၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)