အမရပူရမြို့နယ်၊ မိချောင်းတက်ကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟော​ပြောပွဲပြုလုပ်

အမရပူရ ဇူလိုင် ၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့က မိကျောင်းတက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ခေါင်းစဥ်ဖြင့် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကောက်ယူမည့် သန်းခေါင်စာရင်းအကြောင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်ပြီး ယခုလိုဟောပြောပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။ ဟောပြောပွဲအပြီးတွင် အဆိုပါမိကျောင်းတက်ကျေးရွာအတွင်း မှတ်ပုံတင်မပြုလုပ်ရသေးသူများ၊ မှတ်ပုံတင်အသစ်လဲလှည်ခြင်းနှင့် အပျောက်လျှောက်ထားခြင်း၊ အိမ်ထောင်စုစာရင်းအသစ် လဲလှယ်ခြင်းနှင့် အပျောက်လျှောက်ထားခြင်းလုပ်ငန်းများကို ပန်းခင်းစီမံချက် ၃ ဖြင့် ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)