တောင်ငူမြို့၌ မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ် (၂၀) ရပ်ကွက်နှင့် (၂၁) ရပ်ကွက်ရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂၀) ရပ်ကွက် ရုံးတွင်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အမှတ် (၂၁) ရပ်ကွက်ရုံး၌ လည်းကောင်းဆောင်ရွက်သည်။