ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာရေးဆရာဌေးကြည်(စလင်း) ရေးသားသည့် “နှစ်ဖက်မြင်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ဌေးကြည်(စလင်း)ရေးသားသည့် “နှစ်ဖက်မြင်”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

မိုးညိုမြို့၌ ကျန်းမာရေးကား (AMBULANCE) လှူဒါန်းသည့် အလှူရှင်များ ရေစက်သွန်းချ အမျှဝေခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ အလောင်းဘုရားလမ်းရှိ အင်္ဂါဆွမ်းလောင်းဓမ္မာရုံ၌ ယနေ့နံနက် (၇) နာရီက ကျန်းမာရေးကား (AMBULANCE) လှူဒါန်းသည့် အလှူရှင်များ စုပေါင်းရေစက်ချအမျှ‌ဝေခြင်း ဆောင်ရွက်ခဲ့သည်။

သာယာဝတီခရိုင်(Community Centre)ခန်းမ၌ Book Club, Women Club နှင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ Book Club, Women Club နှင့် ပူးပေါင်း၍ စာရေးဆရာမ မေမြတ်ဇင်၏ ဦးဆောင်မြင့်မား စွမ်းပကားနဲ့ မြန်မာ့အသိုက်အဝန်းထဲမှ အမျိုးသမီးများ စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းကျင်းပခဲ့​သည်။

ကျောက်တန်းမြို့နယ်၊ ကျုံကန်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု လွှဲပြောင်းပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြကိုင်းကျေးရွာအုပ်စု၊ ကျုံကျိုက်ကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဏ) အတိုးရငွေဖြင့် ကျေးရွာလျှပ်စစ်မီးရရှိရေး၊ လမ်းမီးသွယ်တန်းရေး၊ ကျုံကျိုက်ကျေးရွာနှင့် မြေနီတာကျေးရွာ ကျေးရွာချင်းဆက်လမ်း အားမြေသားပိုးခြင်း၊ မြေညှိခြင်း၊ ရေနှုတ်မြောင်းတူးဖော်ခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက် သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်သည်။

မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ကရင်ပြည်နယ်အတွင်း မိုးစပါးလျာထားဧက(၄၂၇၃၂၉)ကျော်ပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ ထောက်ပံ့ ပေးအပ်ပွဲကို ဘားအံမြို့နယ်၊ဝင်းကျန်ကျေးရွာ၊ တောင်သူ ဒေါ်ပြားအုံ၏ လယ်(၅)ဧက၌ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းပတ်ဝန်းကျင်နှင့်ကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ (၁၀၂)နှစ်ပြည့်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကျင်းပ

(၁၀၂)နှစ်ပြည့်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ သမဝါယမအသင်းစုချုပ် အမှုဆောင်များနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကျင်းပ

ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျှော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်ရည်ရွယ် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ရင်တွင်းစကားသံများ

ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများ ဖော်ပြလိုက်ရပါသည်။

ဗန်းမော်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင်၅ ရက် နံနက် ၉နာရီက အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း မြညီလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
Subscribe to