အဋ္ဌမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးဒုတိယနေ့ကျင်းပ

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမ အစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်၌ ဆက်လက်ကျင်းပသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၅) နာရီအချိန်က လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ ဆောက်လုပ်သော "ဘဝအလင်းသစ်" စာကြည့်တိုက်အား တက်ရောက်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)ဖြင့် ဆောက်လုပ်သော သင်္ဂတုံကျေးရွာ "ဘဝအလင်းသစ် " စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများပေးအပ်

(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် သမဝါယမဦးစီးဌာနှင့် သမဝါယမအသင်းစုတို့ပူးပေါင်း၍ မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဝေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ငါးခူအိုင်ကျေးရွာ၌ ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင်( ပထမအကြိမ် )ရွှေအင်ကြင်းဓမ္မကထိကသင်တန်းဆင်းပိတ်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ရွှေဝါဝင်းဓမ္မရိပ်သာ ကျောင်းတိုက်တွင် နိုင်ငံကျော်ဓမ္မကထိက ရှင်ဥတ္တမကျော်၏တပည့်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ သာသနာ့ဝုဍ္ဎိကရဓမ္မကထိက သာသနာပြုနယ်လှည့်ဓမ္မကထိကမှ ဇွန်(၃၀)ရက်နေ့မှ ဇူလိုင်(၆)ရက်နေ့ထိ (၇)ရက်တာသင်တန်းပို့ချခဲ့သော ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီးကို ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပိတ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

အလုံမြို့နယ်၌ ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊  အလုံမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်း ကွင်းဆင်းဆောင်ရွင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဒဂုံမြို့နယ်တွင်  မြို့နယ်သန့်ရှင်းသာယာရေး အတွက်ကျန်းမာရေး အသိပညာပေးစာဆောင်များ ဖြန့်ဝေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင်းကျောင်းများ သာယာလှပစေရေးအတွက် ပြည်လမ်းအနောက်ရပ်ကွက် တော်၀င်လမ်း၊ အ.ထ.က(၃)ကျောင်းတွင် ယ‌မန်နေ့နံနက်  ၇ နာရီအချိန်မှစတင်၍ ကျောင်းဝန်းအတွင်း/အပြင်ရှိ အုပ်မိုး‌နေ‌သော အောက်တက်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊မြက်ဖြတ်/နှုတ် ခြင်း၊အမိုးပေါ်ရှိ သစ်ရွက်ကြွေအမှိုက်များ ရှင်းလင်းခြင်း၊ ရေညှိတိုက်ချွတ်ခြင်း၊ ရေမြောင်းရှင်းလင်းခြင်း၊ အမှိုက်လှဲသိမ်းခြင်း၊ အမြင်မတင့်တယ်သည်များ ရှင်းလင်းခြင်း၊ အဘိတ်‌ဆေးခပ်ခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ဖုံးသွန်လဲစစ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာ ၁၀:၂၁ နာရီတွင် ပြီးစီးကြောင်း သိရသည်။

(၁ဝ၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မရမ်းကုန်း မြို့နယ် သမဝါယမအရောင်းဆိုင်များတွင် ဈေးရောင်းပွဲတော်များဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သမဝါယမဦးစီးဌာနက (၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မရမ်းကုန်း မြို့နယ်အတွင်းရှိ သမဝါယမအသင်းများဖြစ်သည့် အရောင်းဆိုင်များ၊ စက်မှုလက်မှုကုန်ထုတ်အသင်းများက ယမန်နေ့နံနက်ပိုင်းတွင် ဈေးရောင်းပွဲတော်များ၊ အာဟာရဒါနများလှူဒါန်းခြင်း၊ ကွန်ကရစ်လမ်း ခင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး မရမ်းကုန်းမြို့နယ် ပြည်လမ်း(အေဒီလမ်းဆုံ)တွင် လမ်းသားတိုးချဲနေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း(အေဒီလမ်းဆုံ)တွင် လမ်းသားတိုးချဲ့ခြင်းနှင့် လူသွားစင်္ကြန်ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိရာနေရာသို့ လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ဆက်လက်ပြီး မရမ်းကုန်းမြို့နယ်၊ အမှတ် (၉)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင် သန့်ရှင်းသာယာလှ‌ပရေး ရေမြောင်းအတွင်း အမှိုက်များ၊ သစ်ပင်များ ရှင်းလင်း‌ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to