တာလေ ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ အ.ထ.က (တာလေ) ကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌ မိုးရာသီဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ (၅) ရက်နေ့ ညနေ (၃) နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုပြိုင်ပွဲကို ဇွန်လ (၂၅) ရက်နေ့မှ ဇူလိုင်လ (၅) ရက်နေ့အထိ (၁၀) ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ကျောင်းကောင်စီအသင်းများဖြစ်သည့် အနော်ရထာ (လိမ္မော်) အသင်း၊ ကျန်စစ်သား (အဝါ) အသင်း၊ ဘုရင့်နောင် (အစိမ်း) အသင်း၊ အလောင်းဘုရား (အနီ) အသင်းနှင့် ဗန္ဓုလ (အပြာ) အသင်းတို့ ဝင်ရောက်ယုဉ်ပြိုင်ခဲ့ကြရာ အနော်ရထာ (လိမ္မော်) အသင်းမှ ပထမဆု၊ ကျန်စစ်သား (အဝါ) အသင်းမှ ဒုတိယဆုနှင့် ဗန္ဓုလ (အပြာ)အသင်းမှ တတိယဆုကို ရရှိခဲ့ကြကြောင်း သိရသည်။
ထို့နောက် အ.ထ.က (တာလေ) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမ များက ဆုရခဲ့ကြသည့် ဘောလုံးအသင်းမှ ကျောင်းသားများအား ဂုဏ်ပြုဆုများပေးအပ်ခခဲ့ကြောင်း သိရသည်။
မိုးလရောင် (ပြန်/ဆက်)