ထန်းတပင်(ပဲခူး) ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏(၂၀-၄-၂၀၂၃)ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ(၃၁)နိုင်ငံနှင့် မြန်မာနိုင်ငံ၏အိမ်နီးချင်း နိုင်ငံများဖြစ်သော အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရ်နိုင်ငံ အချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာပြီး ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB.1.16 (Arctunus ) ကူးစက်ဖြစ်ပွားမှုများလည်းပါဝင်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၊ ဧပြီလဆန်းမှ စတင် ကာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသည်ကို ကျန်းမာရေးဝန်ကြီးဌာမှထုတ်ပြန်ထားပါကြောင်း၊ ထို့ကြောင့်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးစိတ်အသစ်များကို ကာကွယ်တားဆီးနိုင်ရေး အပြင်ထွက်တိုင်း Mask တပ်ခြင်းကို အလေးထားလုပ်ဆောင်သွားကြဖို့လိုသေးကြောင်း၊ လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးများ ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံးစက္ကန့်(၂၀)ကြာ ဆေးကြောခြင်း၊ ကာကွယ်တားဆီးရေးဆိုင်ရာစသည့် စည်းမျဉ်းစည်းကမ်းများ ဆက်လက်ဆောင်ရွက်ဖို့လိုသေးကြောင်း၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေးကို တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)