ဓနုဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက အကျော်ကျေးရွာရှိ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အကျော်၌ ကျင်းပသည်။

ပခုက္ကူမြိုနယ်၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့ အရန်သင့်စုဖွဲ့ထားရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများအပါအဝင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်   အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေး အဖွဲ့ကို လူ/ယာဉ်/စက်ကိရိယာများဖြင့် အရန်သင့်စုဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဒေသခံပြည်သူများ အိမ်တွင်းမှုအတက်ပညာများ တက်မြှောက်စေရန်နှင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် တက်စေရန်ရည်ရွယ်၍ မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့တွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေး ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂)အ‌ခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၌ အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယမန်နေ့ညနေ(၃)နာရီအချိန်က ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

သရက်မြို့၌ သရက်-အောင်လံမော်တော်ဆိပ်ကမ်းရှိ ရေယဉ်များပေါ်တွင် ခရီးသွားများအား အသက်ကယ်အင်္ကျီ စနစ်တကျဝတ်ဆင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်-အောင်လံ မော်တော်ဆိပ်ကမ်းရှိ ရေယာဉ်များပေါ်တွင် ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီ  စနစ်တကျ ဝတ်ဆင်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုးချဲ့ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်း နည်းသင်တန်းကို ဇူလိုင်လ (၆) ရက်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် (VDP) ရန်ပုံငွေများအား ကျေးရွာများသို့လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကျိုက်လတ်၌ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများအား ကျေးရွာများသို့လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ ကျိုက်လတ် ဇူလိုင် ၆ လှိုင်မင်းအောင် ကျိုက်လတ်(ပြန်/ဆက်)
Subscribe to