တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ဗိုလ်တထောင် ဇူလိုင်

ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre) ခန်းမ၌ ဇူလိုင်လ (၅) ရက်နေ့ မွန်းလွဲ (၁၂) နာရီအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူအားဖိတ်ကြား၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပသည်။

ဦးစွာပထမ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) နှင့် မြို့နယ်ပညာရေးမှူး ဒေါ်မေအေးမြင့်တို့က အဖွင့်အမှာစကားပြောကြားကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က ပြိုင်ပွဲများကျင်းပပေးရခြင်း ရည်ရွယ်ချက်များ ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာမူလတန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၅) ဦး ပါဝင်ယှဥ်ပြိုင်ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်သူများမှ ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ ပြိုင်ပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြသထားသည့် ကလေးစာပေများနှင့် မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများ၊ လူမှောင်ခိုလူကုန်ကူးတားဆီးကာကွယ်ရေးနှင့် အရွယ်မရောက်သေးသူကလေးများအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံပ်စာစောင်များအား စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သတင်းရသည် ။

ခင်ဝင်း(ပြန်/ဆက်)