ကျောက်တံတားမြို့နယ် အ.မ.က(၆)တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကျောက်တံတားမြို့နယ် ဇူလိုင် ၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီက  ကျောက်တံတားမြို့နယ်အတွင်းရှိ အ.မ.က(၆)ကျောင်း၌ နယ်လှည့် စာကြည့်တိုက်နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား ကျောင်းသူများအား အာဇာနည်နေ့အကြောင်း သိကောင်းစရာများ ကိုဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ဥာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုခြင်း၊ ပုံပြင်အားပြန်လည်ပြောပြခြင်း၊ ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ပေးခဲ့ကာ ကလေးငယ်များအားအမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်