စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့်မြို့မတဲကြီးကုန်း ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ ပိဿာ ၄၅၀ ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဝေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပသည်။

စလင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် သနပ်ကုန်းကျေးရွာအုပ်စုတွင် မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ခြင်းကြိုတင်ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲဝက်များ ပူးပေါင်း၍ ရေပြင်အသက်ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ယနေ့နံနက် (၉)နာရီအချိန်က သနပ်ကုန်းကျေးရွာရှိ မြစ်ဆိပ်ကမ်းတွင် လေ့ကျင့်သရုပ်ပြသခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း၏ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ကမမောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးဦးကျကာလအတွင်း ခြင်မှတဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လမ်းများ မပေါက်ဖွားစေရေးအတွက် ကမမောင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ကမမောင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယနေ့နံနက် (၁၀) နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ အိမ်တိုင်ရာရောက် ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခပ်ပေးခြင်းများနှင့် ဖုံး၊ သွန်၊ လဲ-စစ် လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ဘိုကလေးမြို့နယ်တွင် မိုးစပါးရာသီ ကြဲခင်းစနစ် လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲနှင့်အတူ စပါးအထွက်တိုးရေး တောင်သူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ ကြဲခင်းစနစ် လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲ အခမ်းအနားအား ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် ဘိုကလေးမြို့နယ်၊ ဟိုင်းစီကျေးရွာအုပ်စု၊ ဖိုးရွှေလုံးကျေးရွာရှိ ဦးသန့်ဇင်၏ လယ်ယာမြေတွင် ကျင်းပဆောင်ရွက်သည်။

ပြည်မြို့၌ သဘာဝဘေးအန္တရာယ် (ငလျင်) ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပဆောင်ရွက်

ငလျင်ဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာဗဟုသုတများကို ဒေသတွင်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ပြည်ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်(ငလျင်)ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပဆောင်ရွက်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး Bagan Plastic Campaign အဖွဲ့မှပလတ်စတစ်ကောက်ကြ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပလတ်စတစ်ကောက်ယူရှင်းလင်းနေလျှက်ရှိရာ Bagan Plastic Campaign အဖွဲ့မှဦး ဆောင်ကာ ပလတ်စတစ်အမှိုက်များသီးသန့်ကောက်ယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့ ဇေယျဝတီရက်ကွက်၊ ဘုရားသုံးဆူလမ်း တစ်လျှောက်လမ်းဘေးဝဲယာရှိ ပလတ်စတစ်အမှိုက် ကောက်ယူခြင်းကို သီရိမင်္ဂလာရပ်ကွက် သမီးဝှက်ဂူဘုရားပတ်ဝန်းကျင်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to