ချောင်းသာ၌ ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ယမန်နေ့နံနက်ပိုင်းက ချောင်းသာမြို့ ရွာသစ်ဘုန်းတော်ကြီးကျောင်း၌  ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန်နှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေး ဟောပြောပွဲနှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့လယ် (၁) နာရီတွင် သုခဝတီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံ ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာနှင့် ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က - ၁၄ သို့ သွားရောက်ငှားရမ်းပေးကြသည်။

ဆားမလောက်ကျေးရွာ၊ သုခမင်္ဂလာဈေးရုံ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာ‌စောင်များဖြန့်‌ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် သုခမင်္ဂလာဈေးရုံ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာ‌စောင်များ ဖြန့်‌ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

တာလေမြို့၌ တာဝန်ရှိသူများမှ စည်ပင်သာယာရေးဌာန လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ရှမ်းပြည်နယ်စည်ပင်သာယာ‌ရေးဌာနခွဲ(ကျိုင်းတုံ)မှ ဌာနခွဲတာဝန်ခံ ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့စည်ပင်သာယာရေးဌာန၏ (၂၀၂၄- ၂၀၂၅) ဘဏ္ဍာ‌ရေးနှစ် ပထမ(၃)လပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်‌မှုအ‌ခြေအနေများကို ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။

(၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ် (၃) ရပ်ကွက် မြို့မအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အသိပညာပေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီက အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများဖြစ်သော အင်းစိန်ဈေး၊ ဖော့ကန်ဈေး၊ အောင်ဆန်းဈေး၊ တညင်းကုန်းဈေး၊ အောင်ဇေယျဈေးနှင့် ဘိုကုန်းဈေးတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြိုင်ပွဲနှင့်ပြပွဲများ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးနိူးဆော်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အုန်းပင်စုရပ်ကွက်အတွင်းရှိ ပြည်သူလူထုအပေါင်းအား ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနိူးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အုန်းပင်စုရပ်ကွက်အတွင်း တစ်လမ်းဝင်တစ်လမ်းထွတ် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးနိူးဆော်လျက်ရှိကြောင်း သိရှိရသည်။

သဲကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လေ့လာ

ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ စဥ်းစားတွေးခေါ်မှုမြင့်မားလာစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့် ရင်းရင်းနှီးနှီးထိတွေ့ပြီး စာအုပ်စာပေဖတ်ရှုသည့်အလေ့အကျင့်ကို ကလေးဘဝမှစ၍ လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် စာကြည့်တိုက်ကို ကောင်းစွာအသုံးပြုတက်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း(ပေါက်တော)မှ ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့နံနက်(၉) နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် သဲကုန်း​မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာကြည့်တိုက်လေ့လာရေးအစီအစဥ်အဖြစ် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရှိရသည်။
Subscribe to