နတ်မောက်မြို့၌ သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေဖူလုံစေရန် သွားရောက်လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လျှော်တောင်ကျေးရွာမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရကြောင်းသိရသဖြင့် ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက နတ်မောက်ကွန်ရက် ပရဟိတလူမှုအကျိုးပြုအသင်းက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။