ဗန်းမော် ဇူလှိုင် ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေး ဟောပြောပွဲနှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့လယ် (၁) နာရီတွင် သုခဝတီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ရှေ့ဦးစွာ ဗန်းမော်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဝမ်းပျက်/ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာများ၊ ဝမ်းပျက်/ ဝမ်းလျှောရောဂါဖြစ်စေနိုင်သည့် အကြောင်းအရင်းများ၊ အစာအစားများကို သန့်ရှင်လတ်ဆတ်စွာ စားသုံးရန်နှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါ လက္ခဏာများ၊ ဆိုကျိုးများအကြောင်းကို ဟောပြောခဲ့ပြီး သောက်ရေ သုံးရေများကို စနစ်တကျ သိုလှောင်ထိန်းသိမ်းခြင်း၊ ကိုလိုးဒင်းဆေးခတ်ခြင်း၊ မိလ္လာကန်များကို သေချာစွာ အသုံးပြုခြင်း၊ လက်ကိုစနစ်တကျ သေချာစွာ ဆေးကြောခြင်းနှင့် ရေသန့်ဆေးပြားများကို ပေးဝေးခဲ့ပြီး ရေသန့်ဆေးပြား အသုံးပြုပုံကို သရုပ်ဖော်ပြသပေးခဲ့ကြောင်း သိရှိရသည်။
ရှိုးသီဟ (ပြန်/ဆက်)