တာလေ ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဌာနခွဲတာဝန်ခံ ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့စည်ပင်သာယာရေးဌာန၏ (၂၀၂၄- ၂၀၂၅) ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးဌာနမှ ဉီးစီးမှူး ဉီးမနားရွှီးနှင့် ဝန်ထမ်းများက မြို့စည်ပင်သာယာရေးဌာနခွဲ၏ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း ဆောင်ရွက်ခဲ့သည့် ငွေလုံးငွေရင်းလုပ်ငန်းများဖြစ်သော အမှတ်(၁)ရက်ကွက်၊ ၁/၆ ကွန်ကရစ်ခင်းခြင်း (၂၅၀×၁၂×၆) ကျပ်သန်းပေါင်း (၁၆.၆၇)သန်းနှင့် မိုင်းလင်းဈေးအရှေ့ဘက်ခြမ်း ခြံစည်းရိုးကာရံခြင်း (၁၅၀×၆)ပေ ကျပ်သန်းပေါင်း (၁၂)သန်း စသည့် လုပ်ငန်းဆောင်ရွက်မှု၊ ပြီးစီးဆောင်ရွက်မှုအခြေအနေများကို အသေးစိတ် လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မိုးလရောင် (ပြန်/ဆက်)