ရန်ကုန် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီက အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများဖြစ်သော အင်းစိန်ဈေး၊ ဖော့ကန်ဈေး၊ အောင်ဆန်းဈေး၊ တညင်းကုန်းဈေး၊ အောင်ဇေယျဈေးနှင့် ဘိုကုန်းဈေးတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာ နွေးအိလှိုင်နှင့် ဝန်ထမ်းများ၊ အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စာရေးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဈေးတာဝန်ခံများက ဈေးများအတွင်းရှိ အစားအသောက်ရောင်းချသည့် ဆိုင်များအား လတ်တလောဖြစ်ပွားနေသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ဈေးအိမ်သာများအား သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အမှိုက်များ စနစ်တကျထားရှိမှုအား စစ်ဆေးခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
အင်းစိန်မြို့နယ်အတွင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရပ်ကွက်များ၊ ကျောင်းများ၊ ဈေးများ၊ လူစည်ကားရာနေရာများတွင် Hand စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းများနှင့် ကွင်းဆင်းအသိပညာပေးဟောပြောခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)