ညောင်တုန်း ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် သုခမင်္ဂလာဈေးရုံ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဇော်လွင်နှင့် ကျေးလက်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သုခမင်္ဂလာဈေးရုံအတွင်း ဈေးရောင်းချနေသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်နိုင်ရန်အတွက် ယင်နားစာများအပါအဝင် မသန့်ရှင်းသောအစားအစာများ ရောင်းချခြင်းမပြုရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြုရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်နှင့် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသကြရန်စသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို နှိုးဆော်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)