သာပေါင်းမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်ကစတင်ကာ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လ္ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များသို့ လိုက်လံအသိပညာပေး စစ်ဆေးဆောင်ရွက်ကြသည်။

မဟာအောင်မြေမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာအလွတ်‌ရေးပြိုင်ပွဲများ ကျင်းပ

မဟာအောင်မြေမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာအလွတ်‌ရေးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်၊ အခြေခံပညာမူလွန်ကျောင်း(ကျားချောင်)တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အခြေခံပညာမူလွန်ကျောင်း( ကျားချောင်)တွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စီတာပူရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးပြီး စားသောက်ကုန်များ ထောက်ပံ့

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့၌ စံချိန်တင်မြစ်ရေ ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများအား ရေ‌‌ဘေးရှောင်စခန်းများ ဖွင့်လှစ်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ (၃) နာရီက စီတာပူရပ်ကွက် ဆွတ်ငိုင်တောင်စခန်း၌ သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။

ပျော်ဘွယ်မြို့နယ်၊ အ.မ.က(နဘဲကွဲ)၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပျော်ဘွယ်မြို့နယ်၊ နဘဲကွဲကျေးရွာမှ မိဘပြည်သူများနှင့် နဘဲကွဲကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ငပု‌တောမြို့နယ်၊ သမ္မ‌ဒေဝကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး မြန်အောင်မြို့မရဲစခန်းအချုပ်အား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြိုင်သည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ မြန်အောင်ခရိုင်တရားသူကြီး ဦးနေလင်းစိုးတို့နှင့်အတူ ယမန်နေ့နံနက်က  မြန်အောင်ခရိုင် မြန်အောင်မြို့မရဲစခန်းအချုပ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၇)လုံး ကြိုတင်ပြောင်းရွှေ့ခဲ့ရ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ထောက်ရှာပင် ကျေးရွာအုပ်စု၊ တပင်ကျေးရွာ၌ လူနေအိမ်(၇)လုံးဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပျဉ်းမနားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လန်းသေ(Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လန်းသေ(Abate)ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဦးကျေးရပ်ကွက်အတွင်း ဆောင်ရွက်ပေးခဲ့သည်။
Subscribe to