မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းတန်းစီကွင်းပြင်နေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၁၁၇ စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာသို့နီးကပ်နေပြီဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက တက္ကသိုလ်ရှိ ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပသည်။

မိတ္ထီလာခရိုင်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ဆောက်ရာတွင် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် စက်ရေတွင်းတူးဖော်ခြင်းနှင့် ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် စက်ရေတွင်း တူးဖော်ခြင်းနှင့် ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ ကောက်ယူခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ ကောက်ယူခြင်းလုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဇူလိုင် (၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ် GW-11 နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ် GW-11 နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ မြစ်သား ဇူလိုင် ၉ ရဲနိုင်ဦး

အမျိုးသမီးများကျန်းမာရေးဆိုင်ရာ သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း ဟောပြောပွဲ ကျင်းပ

အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရရှိစေရန်၊ သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ကာကွယ်နိုင်ရန်၊ သားအိမ်ခေါင်းကင်ဆာလက္ခဏာများ ကြိုတင်သိရှိနိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီ၌ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်မူးယစ်ဆေးဝါး” အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်မူးယစ်ဆေးဝါး” အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ် လိပ်သို ဇူလိုင် ၉ ခင်လေးနွယ်(လိပ်သို)
Subscribe to