ဒေးဒရဲမြို့နယ်၊ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၀၂၄) ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ (၇၇) နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့မွန်းလွဲပိုင်းက Community Centre ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် စားသုံးသူရေးရာ ကာကွယ်အသိပညာပေး Talk Show ကျင်းပ

ဘိုကလေးမြို့နယ်တွင် စားသုံးသူရေးရာ ကာကွယ်အသိပညာပေး Talk Show ကျင်းပ ဘိုကလေး ဇူလိုင် ၉ မိုးစက်(ဘိုကလေး)

ကျိုင်းတုံခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ သဘာဝ‌ဘေး ကြိုတင်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသအတွင်း သဘာဝ‌ဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကျိုင်းတုံခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ သဘာဝဘေး ကြိုတင်စုဖွဲ့ပြင်ဆင်မှုအား ယမန်နေ့က ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် မော်လမြိုင်မြို့ရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်များသို့ ကွင်းဆင်းကြည့်ရှု၍ စာအုပ်များ ပေးအပ်လှူဒါန်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်များကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရန်အတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ မိုးစပါးစိုက်ပျိုးရန်အတွက် မိုးစပါးများပျိုးထောင်ထားပြီဖြစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလရောက်ပြီဖြစ်၍ ဒေသနေ တောင်သူအများစုသည် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် လယ်ယာလုပ်ငန်းခွင်များသို့ ဝင်ရောက်ပြီး ပျိုးပင်များ ပျိုးထောင်ထားပြီဖြစ်ကြောင်း သိရသည်။

အ-ထ-က (သရက်ချောင်း)ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲအခမ်း အနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌  ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ယူရီးယား(Urea)ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ၂၀၂၄ခုနှစ်၊ မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to