တွံတေး ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အုန်းပင်စုရပ်ကွက်အတွင်းရှိ ပြည်သူလူထုအပေါင်းအား ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနိူးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အုန်းပင်စုရပ်ကွက်အတွင်း တစ်လမ်းဝင်တစ်လမ်းထွတ် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးနိူးဆော်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ လမ်းများကို တစ်လမ်းဝင်တစ်လမ်းထွတ် လက်တလောဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးနိူးဆော်ရာတွင် အစာမစားမီနှင့် အိမ်သာမှထွတ်သည့်အခါတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောရန်၊ အစားအစာပြင်ဆင်ချက်ပြုတ်ရောင်းချရာတွင် ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချရန်၊ သောက်ရေများကို ကျိုချက်ပြီးမှ သောက်သုံးရန်၊ မိမိပတ်ဝန်းကျင်တွင် လူနာများရှိပါက သုံးရေများကို ကလိုရင်းဆေးရည်ခတ်ပြီးမှ အသုံးပြုရန်၊ ယင်ပေါက်ဖွားမှု လျော့ပါးစေရန် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ယင်လုံအိမ်သာများ အသုံးပြုရန်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူရန်၊ မိမိအိမ်ပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် လှည်လည်အသိပညာပေးနိူးဆော်လျက်ရှိကြောင်း သိရသည်။
မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါသတိပေးဆိုင်းဘုတ်စိုက်ထူခြင်း၊ အစားအသောက်ရောင်းချနေမှုအား လိုက်လံစစ်ဆေးခြင်း၊ အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးသား