သန်လျင်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်တွင် သန်လျင်မြို့ မြို့မစျေးကြီးအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အများသုံးသန့်စင်ခန်းအိမ်သာများတွင် ယင်မနားစေရန်ဆေးဖျန်းခြင်း၊ လက်ဆေးဘေစဥ်များတွင် ဆပ်ပြာနှင့် သန့်ရှင်းသောရေထားရှိနိုင်ရေးဆောင်ရွက်ကြသည်။

ချောက်မြို့နယ်၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ချောက်မြို့နယ်၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ချောက် ဇူလိုင် ၉ နိုင်ထက်မိုး(ချောက်၊ပြန်/ဆက်)

လဲချားမြို့နယ်၌ လူငယ်နှင့်စာကြည့်တိုက်အသိပညာပေးTalk Show ဆောင်ရွက်

လဲချားမြို့နယ်၌ လူငယ်နှင့်စာကြည့်တိုက်အသိပညာပေးTalk Show ဆောင်ရွက် လဲချား ဇူလိုင် ၉ ခင်ချိုထွေး

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၂၀၂၄)ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ကဗျာ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုမြှင့်ပွဲကို ယနေ့မွန်းတည့် (၁၂) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မိုးရာသီတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အမှတ်(၈၉) ရပ်ကွက်အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁:၃၀ နာရီက ဆောင်ရွက်ခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်မီးသတ်ဦးစီးဌာနရုံးက ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ထိရောက်လျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

ကျိုက်မရောမြို့နယ်တွင် မိုးရာသီသီးနှံမျိုးစုံစိုက်ပျိုးသူများ စျေးကောင်းရ၍ အဆင်ပြေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးရာသီသီးနှံမျိုးစုံစီးပွားဖြစ် စိုက်သူများသီးနှံများ စျေးကောင်းရရှိ၍ မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to