မိတ္ထီလာ ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် လူ့စွမ်းအားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို လစဉ်ကျင်းပလျက်ရှိရာ ဇူလိုင်လတတိယပတ်အတွင်း၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်အထွေထွဗဟုသုတပြိုင်ပွဲနှင့် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားလာစေဖို့နဲ့ လူ့စွမ်းအားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ချက်များနဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနဲ့ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး လစဉ်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာနခန်းမှာ ကျင်းပလျက်ရှိပါတယ်။ လာမည့် ဇူလိုင်လ ၁၅ ရက်နေ့မှာ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်အထွေထွေဗဟုသုတပြိုင်ပွဲနဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပသွားမှာ ဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများက စဉ်ဆက်မပြတ် လာရောက်ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ