ဟင်္သာတမြို့နယ်အတွင်း၌ မိုးရာသီကာလဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ဟင်္သာတ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိကျောင်းများတွင်  မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများကို သိရှိလိုက်နာနိုင်စေရန် ယမန်နေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းအချိန်က ဟင်္သာတမြို့ အမှတ် (၁) အလယ်တန်းကျောင်းနှင့် ရွေကူကြီးကျောင်း ကျောင်းခန်းမ၌ ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင် ဦးဆောင်သည့် ကျန်းမာရေးဌာနဝန်ထမ်းများ၊ သူနာပြုများနှင့် ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်အသင်း ဥက္ကဋ္ဌ ဒေါ်အိအိခင် ဦးဆောင်သော အဖွဲ့တို့မှ ကျောင်းသား/ သူများအား “ပြင်းထန်ဝမ်းလျှော/ ဝမ်းပျက်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး ကာကွယ်ရေး” ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ စနစ်တကျ လက်ဆေးနည်း သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 အဆိုပါ အဖွဲ့နှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ စာသင်​ကျောင်းများရှိ မုန့်​စျေးတန်း ၊ Street Food​ စျေးတန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ရှင်းလင်းခြင်း၊ ဟင်္သာတတက္ကသိုလ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်တို့တွင် စနစ်တကျ ချက်ပြုတ်/ ရောင်းချခြင်းရှိ/ မရှိ၊ ယင်နားခြင်းမရှိအောင် ဆောင်ရွက်ထားခြင်းရှိ/ မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့် ကိုက်ညီစွာ ဆောင်ရွက်၍ ချက်ပြုတ်/ ရောင်းချသွားရန် မှာကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)