တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဇူလိုင် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲသတိတရရှိစေရန် ရည်ရွယ်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ရှေ့တွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ရွေးစုကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူမမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်း၊ အထက်တန်းပြဆရာမ ဒေါ်လဲ့ရီစံက အာဇာနည်စိတ်ဓာတ်အကြောင်းတို့ကို ဟောပြောခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦး တက်ရောက်ကြောင်း သိရသည်။

တင်စိုးလွင်