သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကျေးရွာသုံးထင်းစိုက်ခင်းစိုက်ပျိုး ပျိုးထောင်

သရက်ချောင်း ဇူလိုင် ၁၀

ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ် အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ယမန်နေ့က ကျောက်မြောင်းရပ်ကွက်၌ ကျေးရွာသုံးထင်း ၂ ဧကအား စိုက်ပျိုး‌ ပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဦး ကြီးကြပ်၍ ဝန်ထမ်းများက မြို့နယ်အတွင်း သစ်ပင်ပျိုးပင်များ စနစ်တကျ စိုက်ပျိုးပေးခြင်း၊ ပြည်သူများ၊ ဘုန်းတော်ကြီး‌ကျောင်းများနှင့် စာသင်ကျောင်းများအား ပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် မြို့နယ်အတွင်း ပြည်သူများက ထင်းကို အသုံးပြုများ၍ ပြည်သူများ ထင်းရေရှည်ဖူလုံရေးအတွက် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်မြောင်းရပ်ကွက်၌ ကျေးရွာသုံးထင်း ၂ ဧကကို စနစ်တကျ စိုက်ပျိုးပေးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးဦးထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)