ဘိုကလေးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
ယခုလတ်တလော၌ နိုင်ငံတစ်ဝှမ်း၌ဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါအား ဒေသတွင်းကူးစက်မှုမဖြစ်ပွားစေရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။