ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပန်းတနော် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မအူပင်ခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းကို ဇူလိုင်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ရာ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မအူပင်ခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဦးက ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အိမ်တွင်း လက်မှုအတက်ပညာမှ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်တက်စေရန် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား/ သူ (၂၀)ဦးတို့အား တက်ရောက်လာကြသည့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်မည့် လုပ်ငန်းရှင် (၃)ဦးတို့အား ဆပ်ပြာအမျိုးမျိုးပြုလုပ်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)