ဖျာပုံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ

ဖျာပုံ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ဦးဆောင်မှုဖြင့် နိုင်ငံတော်၏အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ် လူငယ်ဘောလုံးသမားများ ဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်းကြီးတွင် ဆက်လက်ကျင်းပသည်။
အဆိုပါမြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပတ်လည်စနစ်ဖြင့် ဆက်လက်ကျင်းပရာ အ.ထ.က(ချောင်းဝ)အသင်းကို၊ အ.ထ.က(သမိန်ထော)အသင်းက(၅)ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိသွားပြီး၊ ပွဲစဥ်(၂)အဖြစ် အ.ထ.က(ကြက်ဖ​မွေးဇောင်း)အသင်းနှင့် အ.ထ.က(ကျုံကဒွန်း)အသင်းတို့ ဆက်လက်ယှဥ်ပြိုင်ကြရာ အ.ထ.က (ကျုံကဒွန်း)အသင်းက (၁)ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိပြီး အ.ထ.က(သမိန်ထော) အသင်းနှင့် အ.ထ.က(ကျုံကဒွန်း)အသင်းတို့ အုပ်စုပတ်လည်အဆင့် အောင်မြင်ပြီး Quarter Final အဆင့်သို့ တက်ရောက်သွားသည်။ ဘောလုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းများမှ ပြိုင်ပွဲဝင်အသင်း (၁၄)သင်း ဝင်ရောက်ယှဥ်ပြိုင်ကြပြီး (၂-၇-၂၀၂၄)မှ(၁၇-၇-၂၀၂၄)ရက်နေ့ထိ အုပ်စုပတ်လည်စနစ်ဖြင့် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်