ဇလွန်မြို့နယ် ဝန်ထမ်းအင်အား ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဇလွန် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဝန်ထမ်းအင်အား ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိဦးထူး​ပြည့်က မြို့နယ်ဝန်ထမ်းအင်အား ငွေစုငွေချေးအသင်းသားများ တိုးတက်လာစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ယဥ်စိုးအေးက မြို့နယ်ဝန်ထမ်းအင်အား ငွေစုငွေချေးအသင်းတွင် အသင်းသား(၁၁၇၂)ဦးရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွက် အသင်းသားများအား အစုစုဆောင်းချီးမြှင့်ငွေ(၈၇.၆၂ )ကျပ်သိန်း စုဆောင်းငွေအပေါ် အတိုးအဖြစ် (၁၅၁.၄၉၃၁၈)ကျပ်သိန်း ထုတ်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်ဝန်ထမ်းအင်အား ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ဒါရိုက်တာအဖွဲ့မှတင်ပြသည့် လုပ်ငန်းအစီရင်ခံစာနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းတို့အား ဖတ်ကြားရှင်းလင်းခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးရှင်းတမ်းနှင့် ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာကို အတည်ပြုခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)