မိုင်းရှူး ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့်ပန်းချီများကို အထက်တန်းဆင့်၊ ၁၉ ဇူလိုင်မမေ့နိုင်၊အလယ်တန်းဆင့်ကို မျက်ရည်သွန်းဖြိုးဇူလိုင်တစ်ဆယ့်ကိုး၊ မူလတန်းအဆင့်ကို အာဇာနည်နေ့တို့မမေ့ ခေါင်းစဥ်ဖြင့် ပြိုင်ပွဲများပြုလုပ်ခဲ့ပြီး ပြိုင်ပွဲကို မြို့နယ်အဆင့် အခြေခံပညာကျောင်းများရှိ ထက်ဆင့် (၇) ဦး၊လယ်ဆင့် (၁၉) ဦး၊ မူဆင့် (၂၇) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၃) ဦး၊ ပန်းချီနှင့်ပိုစတာပြိုင်ပွဲတွင် အထက်တန်းအဆင့် (၂) ဦး၊အလယ်တန်းအဆင့် (၅) ဦး၊ မူလတန်းအဆင့် (၁၀) ဦး၊စုစုပေါင်း (၁၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။
သန်းလူ(ပြန်/ဆက်)