အင်္ဂပူမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အ.ထ.က(ဇောင်းတန်း)သို့ ကွင်းဆင်းဆောင်ရွက်

အင်္ဂပူ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အ.ထ.က  (ဇောင်းတန်း) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုသည့် အလေ့အကျင်းကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်များကို အသုံးပြုပြီး သုတ၊ ရသစာအုပ်ကောင်းများကို ‌လေ့လာဖတ်ရှုသည့် အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုရခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ယခုလိုကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များပြသခြင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးများ အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)